International News

ထိုင်းနိုင်ငံ (FTI) အနေဖြင့် ၂၀၂၀ ခုနှစ်အတွက် ကားထုတ်လုပ်မှုအပေါ် သင့်တင့်သော အမြင်ထားရှိ

Last Updated:

       ထိုင်းစက်မှုလုပ်ငန်းများအဖွဲ့ချုပ် The Federation of Thai Industries (FTI) အနေဖြင့် ၂၀၂၀ ခုနှစ်အတွက် ကားထုတ်လုပ်မှုကို ရှေးရိုးစွဲအတိုင်းမျှော်မှန်းထားပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအခက်အခဲများကြောင့် အစီးရေ (၂) သန်း အထိ မျှော်မှန်းနေပါသည်။ ၎င်းမှာ ၂၀၁၉ ခုနှစ် ထုတ်လုပ်မှု၏ (၀.၆၈%) လျှော့နည်းသွားခြင်းဖြစ်ပါသည်။ ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံ၏ ကားထုတ်လုပ်မှုကို ပြည်တွင်းရောင်းအားနှင့် ပြည်ပတင်ပို့မှုအပိုင်း (၂) ပိုင်းအတွက် ထုတ်လုပ်နေခြင်းဖြစ်ပါသည်။ FTI ၏ မော်တော်ကားလုပ်ငန်း ကလပ်အသင်းက ထိုအပိုင်းကဏ္ဍ (၂) ရပ် စလုံးအနေဖြင့် စွန့်စားရမှု (Risks) များနှင့် ရင်ဆိုင်နေရ ကြောင်းပြောကြားခဲ့ပါသည်။

         ၂၀၂၀ ပြည့်နှစ်တွင် ရည်မှန်းထားသော ထုတ်လုပ်မှုအနေဖြင့် အပိုင်းကဏ္ဍတစ်ရပ်စီ အတွက် ကားအစီးရေ (၁) သန်း ဖြစ်ပြီး ၎င်းမှာပြည်တွင်းရောင်းအားနှင့် ပြည်ပတင်ပို့မှုတို့အတွက် နှစ်အလိုက်တွင်(၀.၇၅%) နှင့် (၅.၁၃%) ကျဆင်းသွားခြင်း ဖြစ်ပါသည်။

          ကလပ်အသင်း၏ ပြောရေးဆိုခွင့်ရှိသူ SurapongPaisitpatanapong က ပြောကြားရာ တွင် အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲနှင့် အမေရိကန်-အီရန်စစ်ရေးတင်းမာမှုများသည် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးနှင့် ကုန်သွယ်မှုအပေါ် လွှမ်းမိုး နေဆဲဖြစ်ကြောင်း ထိုင်းနိုင်ငံ၏ မော်တော်ကားလုပ်ငန်းအနေဖြင့်လည်း ခြွင်းချက်မရှိခဲ့ပါ။ အချို့သောနိုင်ငံများမှ ဝယ်ယူမှု အမှာစာများကို လျှော့ချခဲ့ကြောင်းနှင့် အကျိုးဆက်အနေဖြင့် ကားထုတ်လုပ်မှု ကျဆင်းခဲ့ရကြောင်း ၎င်းကပြောကြားခဲ့ပါသည်။

          Mr. Surapong က တရုတ်နှင့် အမေရိကန်ကဲ့သို့သော ကြီးမားသောနိုင်ငံများမှာလည်း ကားထုတ်လုပ်မှုဒဏ်ကို ခံစားနေရသောကြောင့် ၂၀၁၉ ခုနှစ်အတွက် ကားထုတ်လုပ်မှု ဆက်လက် ကျဆင်းလိမ့်မည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ဘတ်ငွေတန်ဖိုးမြင့်တက်နေမှုက ကားတင်ပို့မှုတန်ဖိုးကို လျှော့ချလိမ့်မည်ဖြစ်ကြောင်း၊ ဆက်လက်ပြီး ၎င်းက အချို့သောကား ထုတ်လုပ်သူများက ဘတ်ငွေတန်ဖိုးမြင့်တက်မှုကို ရှောင်ရှားရန် ၎င်းတို့၏ ကားထုတ်လုပ်မှု အခြေစိုက်စခန်းများကို ထိုင်းနိုင်ငံ ပြင်ပသို့ ပြောင်းရွှေ့စေကြလိမ့်မည် ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။

    ဒေသတွင်းရောင်းအားနှင့်စပ်လျဉ်း၍ မိုးခေါင်မှုက လယ်သမားများ၏ ဝယ်ယူနိုင်စွမ်းအားကို သက်ရောက်စေလိမ့်မည်ဖြစ် ကြောင်းနှင့် ခရီးသွားကဏ္ဍအနေဖြင့်လည်းဧည့်သည် အဝင်ကျဆင်းမှုကို ခံစားရလိမ့်မည်ဟု Mr.Surapong က ပြောကြားခဲ့ ပါသည်။ အထူးသဖြင့် နိုင်ငံရေး မတည်ငြိမ်မှုနှင့် အစိုးရ၏ ဘတ်ဂျက်ခွဲဝေမှုတို့ကြောင့် ပြည်တွင်းစီးပွားရေးမှာလည်းမသေမခြာ မရေမရာဖြစ်နေပါသည်။

         ယမန်နေ့ (၂၃.၁.၂၀၂၀ရက်နေ့) က ကလပ်အသင်း၏ ထုတ်ပြန်ကြေငြာချက်အရ ၂၀၁၉ ခုနှစ် ကားထုတ်လုပ်မှုမှာ (၇.၁%) ကျဆင်းခဲ့ပြီး အစီးရေ (၂.၀၁) သန်းထုတ်လုပ်ခဲ့ကြောင်း ပြည်တွင်းအရောင်းနှင့် ပြည်ပတင်ပို့မှု နှစ်ခုစလုံးကျဆင်းခဲ့ကြောင်း သိရှိရပါသည်။ ၎င်းက တစ်နှစ်ပတ်လုံး ကားထုတ်လုပ်မှုအနေဖြင့် မူလကအစီးရေ(၂)သန်းကျော်မည်ဟု ခန့်မှန်းခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

        ၂၀၁၉ ခုနှစ် ပြည်တွင်းကားအရောင်းမှာ စုစုပေါင်းအစီးရေ (၁.၀၁) သန်း ရောင်းချရခဲ့ပြီး ယခင်နှစ် အလားတူ ကာလကထက် (၃.၃%) ကျဆင်းခဲ့ခြင်းဖြစ်ပါသည်။ သို့ရာတွင် ၂၀၁၉ ခုနှစ် အရောင်းမှာ (၃) နှစ်တာကာလအတွင်း ပထမဆုံး ကျဆင်းခဲ့ခြင်းဖြစ်ပါသည်။ ပြည်တွင်းဈေးကွက်မှာ ဘဏ္ဍာရေးအဖွဲ့အစည်းများမှ မော်တော်ကားချေးငွေအပေါ် ပယ်ချမှုများ ကြောင့် ထိခိုက်နေဆဲဖြစ်ကြောင်း၊ သို့ရာတွင် ကားထုတ်လုပ်သူအများအပြားမှာ ၂၀၁၉ ခုနှစ် စတုတ္ထ (၃) လပတ်တွင် ကားမော်ဒယ်အသစ်များကို စတင်မိတ်ဆက်ထုတ်လုပ်လာခဲ့ကြောင်း၊ သို့ဖြစ်၍ ၂၀၂၀ ခုနှစ်အတွက် အချို့ကြိုတင်မှာယူထား ဝယ်ယူသူများအား စတင်ဖြန့် ချီတော့မည် ဖြစ်ကြောင်း Mr.Surapong က ပြောကြားခဲ့ပါသည်။

          ၂၀၁၉ ခုနှစ်တွင် ပြည်ပသို့ ကားတင်ပို့မှုမှာ အစီးရေ (၁.၀၅) သန်းရှိခဲ့ပြီး ၎င်းမှာ နှစ်အလိုက်တွင် (၇.၅၉%) ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သင်္ဘောတင်ပို့မှု တန်ဖိုးမှာ ဘတ်ငွေ (၅၄၆) သန်းဖြစ်ပြီး ၎င်းမှာ (၈.၂၁%) ကျဆင်းသွားခြင်း ဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်တွင် အာရှသည် အကြီးမားဆုံး ကားတင်ပို့သည့်နေရာဖြစ်ပြီး စုစုပေါင်းအစီးရေ (၃၁၈,၇၅၂) စီး တင်ပို့ခဲ့ကာ စုစုပေါင်းတင်ပို့မှု၏ (၃၀.၂%) ရှိကြောင်း၊ သမုဒ္ဒရာနိုင်ငံများမှာ ဒုတိယနေရာတွင်ရှိကြောင်း၊ ၂၀၁၉ ခုနှစ် ကာလအတွက် မော်တော်ကားအစီးရေ (၃၀၁,၉၂၃) စီးတင်ပို့ခဲ့ကြောင်း သိရှိရပါ သည်။

 

Source: Bangk Post                                                               

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

 

Category: International News